Events
ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် EWEC ကုန်စည်ပြပွဲကျင်းပမည်
Updated At: 2023-06-07 16:09:49

ဗီယက်နမ်နိုင်ငံသည် အာဆီယံနိုင်ငံများ၊ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ East-West Economic Corridor International Trade, Tourism and Investment Fair (EWEC Da Nang 2023) ကုန်စည်ပြပွဲကို ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၀၂၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အဆိုပါကုန်စည်ပြပွဲတွင် ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွားလာရေးဆိုင်ရာများကို မိတ်ဆက်ပြသနိုင်မည်ဖြစ်ပြီး အရှေ့နှင့်အနောက်စီးပွားရေးစင်္ကြံတလျောက်ရှိ မြို့များအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်သော အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။
ကုန်စည်ပြပွဲတွင် ပါ၀င်ပြသလိုသူများအတွက် ပြခန်း ၂ ခန်း အခမဲ့ စီစဉ်ပေးမည်ဖြစ်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဖုန်း - ၀၆၇-၄၀၈၆၂၂ သို့ ဇွန်လ ၁၂ ရက်နေ့ထက် နောက်မကျစေဘဲ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိပါသည်။
TD(NPT)
Event Details
- Date
- 3rd to 8th August
- Location
- ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့
- Website
- www.myantrade.gov.mm
More Events
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025